ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီပျိုးပင်များ အခမဲ့ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီပျိုးပင်များ အခမဲ့ဖြန့်ဝေပေး






MNP - မေ   ၂၅


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်ပေါင်း(၅၀၀၀၀)ကို မြို့မပျိုးဥယျာဉ်တွင်  ပျိုးထောင်ထားလျက်ရှိရာ ယခုအခါအဆိုပါပျိုးပင်များကို ဒေသခံပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော မိုးရာသီပျိုးပင်များကို မေလဒုတိယပတ်မှစတင်၍ သစ်ပင်များစိုက်ပျိုးလိုသည့် မြို့နယ်ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ အခမဲ့နေ့စဉ် ဖြန့်ဝေပေးလျက် ရှိသည်။ ယင်းသို့ဖြန့်ဝေပေးရာတွင် ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများက မိမိတို့စိုက်ပျိုးလိုသည့် ပျိုးပင်အမည်၊ ပျိုးပင်အရေအတွက်နှင့် စိုက်ပျိုးမည့်နေရာတို့ကို လျှောက်လွှာတွင်ရေးသား၍ သစ်တောဦးစီးဌာနသို့ တင်ပြထုတ်ယူနိုင်ကြောင်း သိရသည်။


ကျွန်း၊ ယူကလစ်၊ မန်ဂျန်ရှား၊ ယင်းမာ၊ ရေတမာ၊ ဗန်ဒါ၊ ပိတောက်၊ ပျဉ်းကတိုး၊ စိန်ပန်းကြီး၊ ကုလားကုက္ကို၊ ဗမာကုက္ကို၊ မယ်ဇယ်၊ ကသစ်၊ ပြည်လုံးချမ်းသာစသည့် မိုးရာသီပျိုးပင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - သန်းထွန်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)