MNP - မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စု ဆင်စခန်းကျေးရွာတွင် အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် (၅၈) ဦး၊ သနပ်ချောင်းကျေးရွာအုပ်စု သနပ်ချောင်းကျေးရွာတွင် အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် (၁၂၀) ဦး စုစုပေါင်း (၁၇၈) ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအထောက်အကူပြုအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများပေးကာ ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ၊ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် / ကျေးရွာအထောက်အကူပြု အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - စန်းကလျာခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment