ဖောင်းပြင်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် သိန်းတစ်ထောင်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် သိန်းတစ်ထောင်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်



MNP - မေ  ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ ရန်ပုံငွေကျပ် သိန်းတစ်ထောင်ဖြင့် ဖောင်းပြင်မြို့တွင်းလမ်းများ ကောင်းမွန်စေရေး အတွက် ကွန်ကရစ်လမ်းများ တိုးချဲ့ခင်းခြင်း၊ Box Culvert များတည်ဆောက်ခြင်း၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများနှင့် သုဿန်များအား ခြံစည်းရိုးကာရံခြင်းများဖြင့် မြို့တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဧပြီလ ပထမပတ်က စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


ထိုသို့ဆောင်ရွက်ရာ မင်းရဲကျော်စွာလမ်းအား လမ်းဘေးဝဲယာ ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကို ငွေကျပ် သိန်း(၅၀)ဖြင့်လည်းကောင်း၊ ဆရာစံလမ်းရှိ လမ်းသွယ်များ ကွန်ကရစ်လမ်းခင်းခြင်းကို ငွေကျပ် (၂၄၆) သိန်းဖြင့်လည်းကောင်း၊ စိမ့်ချောင်းလမ်းရှိ လမ်းသွယ်များ ကွန်ကရစ်လမ်း ခင်းခြင်းကို ငွေကျပ် (၁၃၈) သိန်းဖြင့်လည်းကောင်း၊ စစ်တပ်ကုန်းလမ်းရှိ လမ်းသွယ်များ ကွန်ကရစ်ခင်းခြင်းကို ငွေကျပ်(၁၇၂)သိန်း ဖြင့်လည်းကောင်း၊ ယင်းမာလှိုင်လမ်းသွယ်(၄)ခုအား ကျောက်ရောမြေနီခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ် (၈၆)သိန်းဖြင့်လည်းကောင်း၊ သပြေသာလမ်းသွယ်(၄)ခုအား ကျောက်ရောမြေခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ငွေကျပ်(၈၆)သိန်း ဖြင့်လည်းကောင်း၊ မြို့မသုဿန်နှင့် ခရစ်ယာန်သုဿန်များအား အုတ်ခုံခံ Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ငွေကျပ် သိန်း(၁၅၀)ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများကို ဧပြီလ ပထမပတ်က စတင်ဆောင်ရွက်ကာ ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားနိုင်ရန် လျာထားကြောင်း သိရသည်။


ဖောင်းပြင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဉ်ရရှိသော အခွန်အခများနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေများဖြင့် စည်ပင်သာယာရေး အဖွဲ့ပိုင် နယ်နိမိတ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ စည်ပင်သာယာရေး အဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်လျက်ရှိပြီး မင်းရဲကျော်စွာလမ်းတွင် လမ်းဘေး ဝဲ၊ ယာ ကွန်ကရစ်လမ်းများ တိုးချဲ့ခြင်းနှင့် ဆရာစံလမ်းရှိ လမ်းသွယ်များကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူထံမှ သိရသည်။


သတင်း - ကိုထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)