အမ်းမြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်







MNP ၊ မေ ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းမြေနေရာနှင့် လေယာဉ်ကွင်းလမ်း လမ်းဘေးဝဲရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့်သန့်‌ရေးပြုလုပ်ဆောင်ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့်ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်

ပြည်သူများ စုပေါင်း ၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြကြောင်းသိရသည်။

အမ်းမြို့နယ် တပ်တောင်မြို့၌လည်း  မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြကြောင်းသိရှိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)