သာယာဝတီမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 



MNP - မေ   ၂၁


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ အခြေခံပညာကျောင်းများအားလုံးတွင် သန့်ရှင်းသာယာလှပရေး ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက ကျောင်းဝင်းအတွင်းရှိ ချုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ကျောင်းဆောင်များပတ်ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။


သာယာဝတီမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း(၁၂၉)ကျောင်း၊ အလယ်တန်းကျောင်း(၄၂) ကျောင်း၊ အထက်တန်းကျောင်း(၁၉)ကျောင်း စုစုပေါင်း (၁၉၀)ကျောင်း ဖွင့်လှစ်ထားရှိသည်။


အလားတူ ကျောင်းများဖွင့်လှစ်ချိန်အမီ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)