Pages

Pages

သာယာဝတီမြို့နယ်တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး

 


MNP - မေ   ၂၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက်  ကျောင်းအပ်လက်ခံနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဟိုနှင့် အဖွဲ့ဝင်များမက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။


သာယာဝတီမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၁၂၉)ကျောင်း၊ အလယ်တန်းကျောင်း(၄၂)ကျောင်း၊ အထက်တန်းကျောင်း (၁၉)ကျောင်း စုစုပေါင်း (၁၉၀)ကျောင်း ဖွင့်လှစ်ထားရှိပြီး ဇွန်လ ၂ ရက်နေ့တွင် ‌‌‌‌‌‌အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် မည်ဖြစ်ရာ  မေလ ၂၆ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအား ကျောင်းစတင်အပ်နှံခြင်း လက်ခံဆောင်ရွက်နေသည့်အတွက် ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခုံများလုံလောက်မှု ရှိ/မရှိ၊ သောက်သုံးရေ လုံလောက်မှုရှိ/မရှိ၊ သန့်စင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊  အဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းတို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။


သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းအုပ် ဆရာ/ဆရာမကြီးများက ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment