MNP - မေ ၁
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို သာကေတ မြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲကိုမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဘန္ဒန္တသောဘန အကျိုးတော် ဆောင်ဘန္ဒန္တကောမလနှင့်မြို့နယ် သံဃနာယကအဖွဲ့ဝင်များ အပါအဝင်ဩဝါဒစရိယ ဆရာတော်များ၊ ကြီးကြပ်ရေးဥက္ကဋ္ဌ အောင်မော်စံဆရာတော် ဘန္ဒန္တအာစိဏ္ဏတို့က အနီးကပ် ကြီးကြပ်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်းနှင့် မြို့နယ်သာသနာရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းတို့ကဓမ္မာစရိယ စာမေးပွဲဖြေဆိုသော သံဃာတော်များအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
သာကေတမြို့နယ်၌ ဧပြီလ(၃၀)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ ပါရာဇိကကဏ္ဍပါဠိအဋ္ဌက ထာ၌သံဃာ(၁၈၂)ပါး၊ မေလ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ သီလက္ခန္ဓပါဠိကထာ၌ သံဃာ (၁၆၂)ပါး၊ မေလ(၅)ရက်နေ့မှ (၆)ရက်နေ့များတွင် အဋ္ဌသာလိနီပါဠိအဋ္ဌကထာ၌ သံဃာ (၁၇၅)ပါး ဖြေဆိုကြမည်ဖြစ်ပြီး မြန်မာဂုဏ်ထူးတန်းတွင်(၂၉)ပါး၊ ပါဠိဂုဏ်ထူးတန်းတွင် (၃)ပါးနှင့်သီလရှင် (၉)ပါးလည်း ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆောင်းနှင်းဖြူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment