ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ အသံမစဲ မဟာပဌာန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ အသံမစဲ မဟာပဌာန်းပွဲကျင်းပ



MNP ၊  မေ  ၂၉

မွန်ပြည်နယ်  ဝန်ကြီးချုပ်နှင့် တိုင်းမှုးတို့၏ မတည်လှူဒါန်းမှုဖြင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ  ပိတိဋကရာမကျောင်း၌   အသံမစဲမဟာပဌာန်း ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

အလှပ်ကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၇.၃ လက်မ တွင်တည်ရှိသော ကမ်းနီကျေးရွာတစ်ရွာဖြစ်သည့်နှင့်အညီ မေလ  ၂၄ ရက်နေ့က   တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ဘုန်းတော်ကြီးကျောင်း ( ၃ )ကျောင်းနှင့်လူနေအိမ်များပျက်စီးခဲ့သည့်အတွက်  ဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်ရန် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်းချက်အရ  အသံမစဲမဟာပဌာန်း    ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် ယနေ့မှစ၍(၅) ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)