Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ချင်းတွင်းလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP -  မေ   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့အင်္ဂါ ရပ်နှင့်အညီ အဆင့်တန်းရှိစွာ နေထိုင်သွားလာနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ချင်းတွင်းလမ်း၊ အရှည် - ၇၉၅၀ ပေအား၊ အကျယ် - ၂၂ ပေ၊ ၃ လက်မထုရှိ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ချင်းတွင်းလမ်းတွင် ကျင်းပရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ဟာ မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်စေပြီး ခေတ်နှင့်အညီ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁-ခုနှစ်မှစ၍ မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ ချင်းတွင်းလမ်းဟာ မုံရွာမြို့ရှိ ရပ်ကွက် ၈ ရပ်ကွက်မှ ပြည်သူများ အဆင့်အတန်းမြင့်စွာ ဖြတ်သန်းသွားလာ အသုံးပြုနိုင်စေရေးနှင့် မုံရွာမြို့အနီးရှိ ကျေးရွာများမှ ထုတ်ကုန်သီးနှံများကို သယ်ယူတင်ပို့ရာမှာ အဓိကအထောက် အကူပြုတဲ့ လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ချင်းတွင်းလမ်းသည် မုံရွာမြို့မှ အထက်ချင်းတွင်းဒေသများသို့ ကုန်စည်ပို့ဆောင် ကူသန်းသွားလာနေကြတဲ့ ရေယာဉ်လိုင်းများ ဆိုက်ကပ်၍ ကုန်စည်များ အတင်အချ သယ်ယူပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊ မုံရွာမြို့နေ ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း၊ လေ့ကျင့် ခန်းပြုလုပ်ခြင်း၊ အပန်းဖြေခြင်း များ လာရောက်ဆောင်ရွက်လေ့ရှိကြတဲ့ သာယာလှပတဲ့ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်လမ်းမကြီး တစ်ခုလည်းဖြစ်ပါကြောင်း၊ မုံရွာမြို့ဟာ တိုင်းဒေသကြီးမြို့တော် ဖြစ်သည်နှင့်အညီ မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ချင်းတွင်းလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့က နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။


စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မုံရွာမြို့အား ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် စေရန် ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ်၊ မတ်လအထိ ၆ လတာကာလတွင် နိုင်လွန်ကတ္တရာ လမ်း ၂၈ လမ်း၊ ကတ္တရာလမ်း ၆ လမ်း၊ ကွန်ကရစ်လမ်း ၂၁ လမ်း၊ စုစုပေါင်း ၅၅ လမ်းနှင့် တံတား ၂၂ စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း နိုင်လွန် ကတ္တရာလမ်း ၂၂ လမ်း၊ ကတ္တရာ- ၁၄ လမ်း၊ ကွန်ကရစ် - ၁၅ လမ်း၊ ကျောက်ချောလမ်း - ၂၂ လမ်း၊ စုစုပေါင်း - ၇၃ လမ်းနှင့် တံတား- ၇၂ စင်းတို့ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment