ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်

 


MNP - မေ   ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်း အ.ထ.ကကျောင်း၌ ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။


ထို့နောက် ပန်းတောင်းမြို့နယ် အခြေခံပညာအ.ထ.ကကျောင်းတွင် Grade -KG တန်းမှ Grade-11 အထိ မေ ၂၆ ရက်နေ့မှ မေ ၃၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး လာရောက်ကျောင်းအပ်နှံ ကျောင်းသား/သူ များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ် တစ်ဒါဇင်ကို ကျောင်းနေအရွယ် ကလေးများ အားလုံးအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)