ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် ရိုးရာယဉ်ကျေးမှုကိုအခြေခံသည့် နည်းပညာဆန်းသစ်သောဒီဇိုင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် ရိုးရာယဉ်ကျေးမှုကိုအခြေခံသည့် နည်းပညာဆန်းသစ်သောဒီဇိုင်းများဆောင်ရွက်


MNP ၊ မေ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။


ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ဘားအံမြို့ မြသီရိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာတို့သို့ရောက်ရှိပြီး သမဝါယမ အသင်းမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့ရှိအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရက်ကန်းလုပ် ငန်းများပိုမိုအောင်မြင်ရေးအတွက် ရိုးရာယဉ်ကျေးမှုကိုအခြေခံသည့် နည်းပညာဆန်းသစ်သော ဒီဇိုင်းများဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအသီးသီးက ထိုးထွင်းကြံဆ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းမှာကြားကာ သင်တန်းသားများ၏ လက်တွေ့ဆောင်ရွက်နေသည့် ရက်ကန်းလုပ်ငန်း များ၊ ရက်ကန်းထည်များအား ကြည့်ရှုအားပေးကာ သင်တန်းကျောင်းအတွင်း လှည့်လည် စစ်ဆေးသည်။


ယင်းနောက် မော်လမြိုင်မြို့ သမဝါယမသင်တန်းကျောင်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနရုံးတို့သို့ရောက်ရှိကာ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများ၊ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကလိုအပ်သည်များမှာကြားပြီး တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု တင်ပြချက်များ အပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် သမဝါယမဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော တောင်စွန်းမျိုးစေ့ထုတ်သမဝါယမအသင်း လီမိတက်၏ အသင်းသားတောင်သူများသို့ သွင်းအားစုမြေဩဇာများ ဝယ်ယူနိုင်ရေး အရင်းမပျောက်မတည်ငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး အသင်းသား တောင်သူများထံသို့ အရင်းမပျောက်မတည်ငွေများပေးအပ်ကာ တောင်စွန်းမျိုးစေ့ထုတ် သမဝါယမအသင်း၏ မျိုးစပါးစိုက်ဧက ၅၀ စိုက်ခင်းကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မုနိုင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းအသင်းသူ အသင်းသားများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုတင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။       


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)