Pages

Pages

ငပလီမြို့အ.ထ.က ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်





MNP ၊ မေလ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်း များအား စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ငပလီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အ.ထ.က ( ငပလီ)ကျောင်းဝင်းအတွင်း ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာကျောင်းများအား  စတင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဖွင့်ချိန်တွင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်ည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ငပလီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့ဦးစီးမှူး၊ဦးနိုင်လင်း ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍အ ထ က (ငပလီ) ကျောင်းဝင်းနှင့်ကျောင်းပြင်အတွင်းရှိ ခြုံနွယ် ၊ မြက်များအားခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်များကောက်ခြင်းနှင့် တံမြက် စည်းလှဲခြင်းစသည်တို့ကို ပူးပေါင်းဆောင် ရွက်ခဲ့ကြပြီး ​ငပလီမြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေ)နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


သတင်း - သန်းနု

https://t.me/MyanmarNationalPost

No comments:

Post a Comment