မလှိုင်မြို့နယ်တွင် ၁၃၈၄(၂၀၂၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက် ပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မလှိုင်မြို့နယ်တွင် ၁၃၈၄(၂၀၂၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက် ပြီးစီး

51


MNP - မေ   ၄

မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမတွင် ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုင်နိုင်ရေးစာမေးပွဲခုံ၊ စာဖြေခုံနံပါတ်နှင့် အခမ်းအနား ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ယခုနှစ် ပါဠိပထမပြန်စာမေးပွဲအား (၇.၅.၂၀၂၂)ရက်နေ့မှ (၁၃.၅.၂၀၂၂)ရက်နေ့ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲသို့ စာရင်းရှိ  ပထမကြီးတန်း(၂၀)ပါး၊ ပထမလတ်တန်း(၁၇)ပါး၊ ပထမငယ်(၁၆)ပါး၊ အခြေပြု မူလတန်း (၃၈)ပါး၊ စုစုပေါင်း(၉၁)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲခုံ၊ စာဖြေခုံနံပါတ်နှင့် အခမ်းအနား စနစ်တကျဖြစ်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ အဖွဲ့ဝင်(၃) ဦးသိန်းဟန်၊ အတွင်းရေးမှူး ရဲမှူးထိန်လင်း မောင်တို့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းတိုက်(၂၉၉)ကျောင်း၊ ပရိယတ္တိစာသင်တိုက်(၆)ကျောင်း၊ရဟန်း (၁၀၈၁)ပါး၊ သာမဏေ(၁၂၇)ပါး၊ သီလရှင်(၄၅)ပါး သီတင်းသုံးလျက်ရှိပါကြောင်း သိရသည်။

သတင်း - အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages