အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားပြုလုပ်



MNP - မေ   ၂၁


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်စက်မှုဇုံရှိ Willow Orient(Myanmar) Co.,Ltd အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက အာမခံအလုပ်သမားဒေါ်မေမာထွေး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။


အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အလုပ်သမားဥပဒေနှင့်အညီ ဒဂုံမြို့သစ်(တောင်ပိုင်း) လူမှုဖူလုံရေးရုံးတွင် အာမခံမှတ်ပုံတင်ထားသော Willow Orient(Myanmar) Co.,Ltd မှ ဒေါ်မေမာထွေး အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ကို ဖခင်ဖြစ်သူဦးတင်စိုးအား ငွေကျပ် ၄,၃၂၀,၀၀၀ (ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကို ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးရဲဇော်ဝင်းက စနစ်တကျ ထုတ်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းတာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးရဲဇော်ဝင်းက တက်ရောက်လာသူ အလုပ်သမားတာဝန်ခံနှင့်အလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်လူမှုဖူလုံရေးရုံးတာဝန်ခံများ၊ အလုပ်ဌာနမှတာဝန်ရှိသူများ၊ အာမခံအလုပ်သမားများ၊ မိသားစုဝင်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။


သတင်း - လဲ့လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)