Pages

Pages

ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

 


MNP - မေ  ၂၈


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အဆင့်မြင့် ယဉ်ကျေးမှုသင်တန်းအမှတ်စဉ် (၁)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၁) နာရီတွင်စေတီတော် အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။


 ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးတင်ဝက သင်တန်းပြီး မြောက်အောင်မြင်မှု ဝမ်းမြောက်ကြောင်းစကားပြောကြားပြီး သင်တန်း နည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်က သင်တန်းသင် ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးအား ဂါရဝပြုလက်ဆောင်အားလည်းကောင်း၊  ဆုရသင်တန်းသားများအား ဆုလက်ဆောင်များ အားလည်း ကောင်းဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်း‌နောက်သင်တန်း သားတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။


အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများအားဝန်ဆောင်မှု ပေးရာတွင် လည်းကောင်း မြန်မာ့ယဉ် ကျေးမှုနှင့်ကို က်ညီပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏တရား ဒေသနာတော်များ ကိုအခြေခံ ထားခြင်းဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်ကိုက်ညီသော မြန်မာ့ယဉ်ကျေးမှု အလေ့အကျင့်ကောင်းများကို အဆင့်အတန်းမြင့်မားစွာ သိရှိနားလည် လာမည်ဖြစ်သည်။


ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) အား ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှစတင်ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ရာ   ရွှေတိဂုံစေတီ တော်မှဝန်ထမ်း ၃၀ ဦးတက် ­ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment