Pages

Pages

ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ



MNP - မေ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က) ဟိုင်းကြီးကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲသို့ ဟိုင်းကြီးကျွန်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အ.ထ.က ဟိုင်းကြီးကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ အထိ သတ်မှတ်ထားကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment