မောက်မယ်မြို့နယ်၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသား စာပေစာမေးပွဲ ဖြေဆိုကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသား စာပေစာမေးပွဲ ဖြေဆိုကျင်းပ

 



MNP - မေ   ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား မြို့နယ် သံဃာ့နာယက ဆရာတော်မွေတော်ကျောင်း (အောင်မင်္ဂလာစာသင်တိုက်)မှဦးစီး၍ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်းဖွင့်လှစ်သော နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားစာပေကို ယနေ့နံနက် ၉ နာရီက မွေတော်ကျောင်း (အောင်မင်္ဂလာ စာသင်တိုက်) စာမေးပွဲဖြေဆိုကျင်းပခဲ့သည်။ 


ထိုသင်တန်းကို မွေတော်ကျောင်း (အောင်မင်္ဂလာစာသင်တိုက်)ရှိသံဃာတော်များနှင့် မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များတို့က သင်ကြားပို့ချပေးပြီး ယနေ့တွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းစာမေးပွဲလာရောက်ဖြေဆိုသူ မူလလတန်းဆင့် (၂၀)ဦးနှင့် ပထမတန်း(၇)ဦး စုစုပေါင်း(၂၇)ဦး၊ အခြေခံရှမ်းစာပေသင်တန်းတွင် လာရောက်ဖြေဆိုသူ (၁၃၉)ဦးရှိကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)