ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 




MNP - မေ  ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေး ငယ်တိုင်းပညာသင်ယူနိုင်ရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မိဘအုပ်ထိန်းသူများ၊ ပြည်သူများက၊ ပညာရေးဝန်ထမ်းများပူးပေါင်းပြီး အလေးထားဆောင်ရွက် သွားကြစေလိုကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် မည်သည့် အခကြေးငွေမျှမလိုကြောင်းနှင့် ကျောက်ဆည်ခရိုင်တွင် အစိုးရအခြေခံပညာကျောင်း (၆၀၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပါရေးကျောင်း(၅၃)ကျောင်း၊ ကိုယ်ပိုငကျောင်း(၁၀)ကျောင်းရှိကြောင်းနှင့် ကျောင်းအပ်နှံ ပြီးသည့် ကျောင်းသား/ကျောင်းသူ (၆)သောင်းကျော်သွားပြီဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့်(၉၇)ရာခိုင်နှုန်းကျော် ရှိသွားပြီဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။


ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က  စနစ်သစ်ပညာရေးဖြစ်သည့် KG+12 ပညာရေးစနစ်အား ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး စနစ်သစ်ပညာရေးသည် ကမ္ဘာပညာရေးစနစ်နှင့်အညီ ရေးဆွဲထားခြင်းဖြစ်ကြောင်း စသည့် ပညာရေးစနစ်သစ်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများထံသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာမများ၊ မိဘပြည်သူများ၊ ကျောင်းသား/ ကျောင်သူများတက်ရောက်ခဲ့ကြပြီး အမှတ်(၁)၊အမှတ်(၂)၊အမှတ်(၃)နှင့်မြို့မ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်သား/ကျောင်းသူလေးများက ထာဝရမြန်မာ၊ကျောင်းအပ်မယ်စသည့် သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)