Pages

Pages

သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်အပ်နှံ



MNP ၊ မေ ၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ၂၆ ရက်နေ့မှစတင်၍ သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းစတင် အပ်နှံလျက်ရှိကြောင်းသိရသည်။

“ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ  ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၆ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိပြီး နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်များကိုလည်း ကျောင်းသား၊ သူများအား အခမဲ့ပြန်လည်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး  စည်းကမ်းချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိပြီး ပညာရေး ဝန်ကြီး ဌာန၏ အသိပေးကြေငြာချက်ဖြစ်သည့် (၅)နှစ်အရွယ်ကလေးများကို (KG)အတန်းသို့ အပ်နှံရန်နှင့် (၆)နှစ် အရွယ် ကလေးငယ်များကို ပထမတန်း(Grade-1)သို့အပ်နှံရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ 


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment