Pages

Pages

ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်း မက်မန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ

 




MNP - မေ   ၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းသော်ဝင်းသည် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့ညနေ ၅ နာခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်းက မက်မန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းမှ မက်မန်းခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မက်မန်းခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစာသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ အာလူး၊ ခေါက်ဆွဲခြောက်၊ ဆီ၊ ကြက်ဉ၊ ငါးသေတ္တာစသည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းအား ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားခြင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်းက အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသောဌာနဆိုင်ရာ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး အခန်းအနားကို ညနေ ၇ နာရီအချိန်တွင် ပြီးစီးကြောင်းသိရသည်။


သတ်း - သန်းမြတ်စိုး

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment