Pages

Pages

လားရှိုးမြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ

 




MNP - မေ   ၂၃


၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးမြို့နယ် ပိုက်ကျော်ခြင်းအသင်း၏ အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အောင်နိုင်ရေးအလံ၊ အားကစားဝတ်စုံများပေးအပ်ခဲ့ပြီး OK ယာဉ်မောင်းသင်တန်းနာယက ဒေါ်ကြည်ပြာဝမ်းမှလည်း အားကစားဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment