အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်







MNP ၊ မေ ၂၁

အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်   တပ်မတော်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၅၀၀)ခန့်က စုပေါင်း၍ ကျောင်းသား/သူများ သန့်ရှင်းသာယာလှပစွာပညာသင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊  တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးချစ်၊ အဖွဲ့ဝင်(၁)  ဒုတိယဗိုလ်မှူး ကြီးဝင်းဗိုလ်  နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။ ထို့နောက် တိုင်းဦးစီးချုပ်၊ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများပြင်ဆင်ထားရှိမှု ၊ စာသင်ခုံများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုတို့ကို လည့်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)