ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာဒုတိယနေ့အထိလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်း ကျော်ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာဒုတိယနေ့အထိလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်း ကျော်ရှိလာ

 


MNP - မေ   ၂၈


သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့ နံနက် ပိုင်းမှစတင်ကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးရှိ  ဆရာ ၊ ဆရာမ များက တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြရာ  ယနေ့ ထိ နှစ်ရက်တာ ကာလအတွင်း  လာရောက်  အပ်နှံသည့် ကျောင်းသား ၊ကျောင်းသူ ဦးရေ နှစ်သောင်း ကျော်ရှိကြောင်းသိရသည်။ 


ဘီးလင်းမြို့နယ်တွင် အ.ထ.က   (၁၁)  ကျောင်း၊ ထ-ခွဲ (၉) ကျောင်း၊ အ.လ.က (၃) ကျောင်း၊ လ-ခွဲ (၁၀)ကျောင်း၊မူလွန်(၁၆)ကျောင်း၊အ.မ.က(၁၀၉) ကျောင်း၊ အမက-ခွဲ(၅)ကျောင်း  စုစုပေါင်း (၁၆၃) ကျောင်းရှိရာ ယနေ့အထိ အထက်တန်းအဆင့် ၌ လာရောက်အပ်နှံသူ  (၁၂၇၅) ဦး  ၊  အလယ်တန်း အဆင့် လာရောက်အပ်နှံသူ(၄၂၈၀) ဦး၊ မူလတန်း အဆင့် လာရောက်အပ်နှံသူ(၁၄၄၈) ဦး၊စုစုပေါင်း (၂၀၀၄၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိ ရှိရသည်။


သတင်း - ထူးနောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)