MNP - မေ ၂၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့ နံနက် ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးရှိ ဆရာ ၊ ဆရာမ များက တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြရာ ယနေ့ ထိ နှစ်ရက်တာ ကာလအတွင်း လာရောက် အပ်နှံသည့် ကျောင်းသား ၊ကျောင်းသူ ဦးရေ နှစ်သောင်း ကျော်ရှိကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် အ.ထ.က (၁၁) ကျောင်း၊ ထ-ခွဲ (၉) ကျောင်း၊ အ.လ.က (၃) ကျောင်း၊ လ-ခွဲ (၁၀)ကျောင်း၊မူလွန်(၁၆)ကျောင်း၊အ.မ.က(၁၀၉) ကျောင်း၊ အမက-ခွဲ(၅)ကျောင်း စုစုပေါင်း (၁၆၃) ကျောင်းရှိရာ ယနေ့အထိ အထက်တန်းအဆင့် ၌ လာရောက်အပ်နှံသူ (၁၂၇၅) ဦး ၊ အလယ်တန်း အဆင့် လာရောက်အပ်နှံသူ(၄၂၈၀) ဦး၊ မူလတန်း အဆင့် လာရောက်အပ်နှံသူ(၁၄၄၈) ဦး၊စုစုပေါင်း (၂၀၀၄၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိ ရှိရသည်။
သတင်း - ထူးနောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment