Pages

Pages

ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ






MNP ၊ မေ  ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့၊ နေ့လည် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်က ကျောင်းအပ်နှံရေးနှင့် အတန်းကူးပြောင်းခြင်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ဖတ်စာအုပ် ၊ကျောင်းသုံးဗလာစာအုပ် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှတင့်၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စံပြကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ပညာရေးမှူး အငြိမ်းစား ဆရာကြီးတို့က ပေးအပ်ခဲ့ရာ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မြို့နယ်  အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ အ.ထ.က ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment