Pages

Pages

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိ





MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မတ်လ ၂၃ ရက်နေ့မှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး  သတ်မှတ်ရက်များတွင် လာရောက်ထုတ် ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို ဇွန်လ လဆန်းပိုင်းတွင်ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက် ထုတ်ပေးသွား မည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ခန့်ရှိပြီး မေလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပင်စင်လာရောက်ထုတ်ယူသူ (၉၀၁) ဦးတို့အား ပင်စင်လစာငွေ ၉၈.၀၄ ကျပ်သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ပင်စင်လစာထုတ်ယူရန်ကျန်ရှိနေသူများ ကိုလည်း  ဆက်လက်ထုတ် ပေးလျှက်ရှိကြောင်း မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

 

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment