ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး



MNP - မေ   ၃၁


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် အသက် (၁၅) နှစ်နှင့် အထက် (၁၈) နှစ်အကြား လူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ပူးပေါင်းကျန်းမာရေးစစ်ဆေးသည့် ဂိတ်တို့တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်၊ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျေးရွာများသို့လည်းကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)