မင်းတုန်းမြို့နယ်တွင် နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး

 


MNP - မေ   ၁၇


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယနေ့နံနက် ၈ နာရီက မိုးကောင်းကျေးရွာနေ တောင်သူ(၈)ဦး၏ ယာမြေ ၈ ဧကတွင် ၂၀၂၂ မိုးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်၊ ခရိုင်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ် လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့  ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


စားသုံးဆီဖူလုံရေးအတွက် မင်းတုန်းမြို့နယ်တွင် ၂၀၂၂ မိုးရာသီ၌ ဆီထွက်သီးနှံနေကြာ သီးညှပ် ၃၉၅ ဧကနှင့် သီးသန့် ၉၀၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ နေကြာသီးနှံ သီးသန့် ၁၂ ဧကနှင့် သီးညှပ် ဧက ၄၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဦးထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)