ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ် နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ် နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်



MNP - မေ  ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယမန်နေ့ နံနက် ၈ နာရီ ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။


ကျိုင်းတုံမြို့နယ်တွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းစုစုပေါင်း  ကျောင်းပေါင်း (၂၀၄)ကျောင်းတွင် မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက် နေ့အထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိမ်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)