ရှေးမူလကရင်စာပေ(လေကွယ်ကော်)ဆရာဖြစ်မွမ်းမံသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးမူလကရင်စာပေ(လေကွယ်ကော်)ဆရာဖြစ်မွမ်းမံသင်တန်းဆင်း






MNP - မေ   ၃၁


ရှေးမူလကရင်စာပေ(လေကွယ်ကော်)ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို မေလ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ကရင်စာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရှေးယခင်ဘိုးဘွားမိဘများဖော်ထုတ်ခဲ့ကြသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မမေ့မပျောက်စေရန် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်လိုသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့သင် တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လေကွယ်ကော်စာပေကို လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့တွင် သင်ကြားလျက်ရှိပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကရင်တိုင်းရင်းသားလူငယ်များ သည်စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရန်လိုအပ်သကဲ့သို့ ခေတ်ပညာ၊ အတန်းပ ညာများကိုလည်း အမြဲမပြတ်လေ့လာဆည်းပူးကြရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီးစောထွန်းလှိုင်က အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကာ ကရင်ပြည် နယ်ဝန်ကြီးချုပ်က သင်တန်းထောက်ပံ့ငွေကျပ် ၃၀၄၅၀၀၀(သုံးဆယ်သိန်း လေးသောင်းငါးထောင်)ကို ပေးအပ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် တာဝန်ရှိသူများက သင်တန်း ဆင်းအောင်လက်မှတ်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြကာ သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)