မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်












MNP ၊ မေ  ၂၆ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင် မြိုတိုင်း ရင်း သား  အိမ် ထောင် စုများ အတွက်  နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင်လျက်ရှိသော မိသားစုများအား  ခရိုင်/ မြို့နယ်စီမံ အုပ် ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယမန်နေ့  နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျန်း မာ ရေးစောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။  

ထိုသို့ဆောင်ရွက်ပေးရာတွင် မောင်တောမြို့ပြည်သူ့ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုကျေးရွာသစ်၌ နေထိုင်လျက်ရှိသော မိသားစု များ အား   ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း ၊ ငှက်ဖျားပိုးရှိ/မရှိ စစ်ဆေး ခြင်း ၊ HIV & Syphilis ပိုးရှိ / မရှိ စစ်ဆေးခြင်း ၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း ၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ၊ မြိုတိုင်းရင်းသားအိမ်ထောင်စုများအတွက် ခြင်ထောင် (၁၁၀)လုံးအား ရွာသူ/ရွာသား များ ထံ အသီးသီးထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။  

အဆိုပါ မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုကျေးရွာတွင်  မြိုတိုင်းရင်းသား အိမ်ထောင်စု (၅၄) စု ၊ အမျိုးသား ၁၇၄ ဦး ၊အမျိုးသမီး ၁၆၇ ဦး စုစု ပေါင်း ၃၄၁ ဦးတို့မှ  ယခုလက်ရှိ လာရောက်နေထိုင် လျှက်ရှိ ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)