MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ရွာသစ်ကေကျေးရွာတွင် မေ ၂၈ ရက်နေ့ (၀၅:၀၀)အချိန်ခန့်က စိတ်ကြွ ဆေးပြား များနှင့်အတူ သုံးစွဲသူများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မြို့မအရှေ့ရပ်ကွက် ၊ ရွာသစ်ကေ(အရှေ့)ရွာ နေ ဆူရက်တာဘော်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဇူဘိုင် ၊ အဒူဟားမား ၊ဆွေယော့နုရ် ၊ အီစ္စမိုင် ၊ မာမတ်ရှာ ၊ မာမတ်စီဒိလ် ၊ကျော်သန်းဝင်း ၊ သန့်ဇင်ထူးတို့အား ဝိုင်းဖွဲ့ထိုင်လျှက်တွေ့ရှိပြီး အဒူဟားမား၏ ဘယ်ဘက်ပေါင်အောက်မှ Global စာတမ်းတံဆိပ်ပါ အနီရောင် ဆေးလိပ်ဗူးခွံအတွင်း ပလက်စတစ်အိတ်အဖြူရောင်ဖြင့် ထုတ်ထားသော WY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေး ပြား (၃)ပြား ၊ မာမတ်စီဒိလ်၏ ဘယ်ဘက် တင် ပါး အောက်မှ အနက်ရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့် ထုတ်ထားသော WY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ် ကြွ ရူးသွပ် ဆေး ပြား (၄)ပြား၊ မာမတ်ရှား၏ ယာဘက်လက်အတွင်းမှ ယာဘက်လက်အတွင်းမှ လွှင့်ပစ်၍ ကျော်သန်းဝင်း နှင့် သန့်ဇင်ထူး(၂)ယောက်ကြားတွင် တွေ့ရသော အနက်ရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့် ထုတ်ထားလျှက် အပြာ ရောင် ကပ်ခွာအိတ်အတွင်းWY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ် ကြွ ရူးသွပ် ဆေး ပြား (၁၈၅)ပြား၊ စုစုပေါင်း ဆေး ပြား (၁၉၂)ပြား ၊ အလေးချိန်(၁၉.၂)ဂရမ်ခန့် ၊ ဆွေယော့နုရ် နှင့် အီစ္စမိုင် တို့ကြားမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် Royal Tiger တံဆိပ်ပါ အညိုရောင် အချိုရည် ဗူးခွံဘေး၌ ဖောက်၍ အဖြူရောင်ပိုက်တပ်ထားသော ဗူးခွံတစ်ခု ၊ မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ငွေရောင်ခဲစက္ကူပိုင်း(၁) ခု ၊အဖြူရောင်ဂစ်မီးခြစ်တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ လက်ဝယ်တွေ့ရှိ သူ များဖြစ်သော ဆူရက်တာဘော်(ဘ)အဒူဂေါ်ဖော့ ၊ ဇူဘိုင်(ဘ)အဒူရှုကူ ၊ အဒူဟားမား(ဘ)အဒူဆလာမ် ၊ ဆွေယော့ နုရ်(ဘ)နူရ်အာလောင် ၊ အီစ္စမိုင်(ဘ)နော်ဇီအာမတ် ၊ မာမတ်ရှာ (ဘ) ဆွေယော့အီလာမ် ၊ မာမတ်စီဒိလ် (ဘ) ကော်ဘိရ် ရွာသစ်ရပ်ကွက်နေထိုင်သူများ၊ ကျော်သန်းဝင်း (ဘ)ဦးကောင်းစိန် (၃)မိုင်ရပ်ကွက် ၊ဝေသာလီကျေးရွာနေသူ နှင့် သန့်ဇင်ထူး(ဘ)ဦးမျိုးမြင့် ၊ မြို့မအနောက်ရပ်ကွက် ၊ အလယ်ရွာနေသူတို့(၉)ဦးအား မြို့မရဲစခန်းတွင် မယ(ပ)၁၈/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment