Pages

Pages

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး

 


MNP - မေ  ၂၈


ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေးစင်တာတွင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈) နှစ်နှင့်အထက်ရှိ သူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၁၈၇)ဦးနှင့်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီး နှင့်အထက်ရှိ သူများပထမအကြိမ် စုစုပေါင်း(၃၂)ဦးနှင့် ဒုတိယအကြိမ်စုစုပေါင်း( ၃၀)ဦးစရှိကြောင်းသိရှိရသည်။


လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment