Pages

Pages

အောင်လံမြို့နယ်၌ အေးမြချမ်းသာစေတီတော်မြတ်ကြီး၏ ထီးတော်တင်အခမ်းအနားကျင်းပ

 



MNP - မေ  ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အေးမြချမ်းသာစေတီတော်မြတ်ကြီး၏ ထီးတော်တင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရေပြင်းကျေးရွာ ရွာဦးကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဘုရားဒါယကာ ဘုရားဒါယိကာမ(၇)ရက် သား/သမီးအပေါင်းမှ သံဃာတော်များ၏ကိုယ်စား ကျောင်းထိုင်ဆရာတော်မြတ်ကြီးမှ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဆက်ကပ်လှူဒါန်းပူဇော်ခံယူ၍ ဆရာတော်မထေမြတ်ကြီး ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူကာ ဘုရားဒါယကာ ဘုရားဒါယိကာမများနှင့်တကွ (၇)ရက် သား/သမီးအပေါင်းများမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်၊ ဆင်းတုရုပ်ပွားတော်များအား ကျေးရွာတွင်းပူဇော်ခံလှည့်လည်ခဲ့သည်။


ထို့နောက် အေးမြချမ်းသာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဒါယိကာမများနှင့်တကွ (၇)ရက် သား/သမီးအပေါင်းများမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို ကပ်လှူပူဇော်၍ ရေစက်ချတရား တော်နာယူခဲ့သည်။ အဆိုပါ အေးမြချမ်းသာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ဘုရားဒါယကာ ဦးသိန်းဝင်း၊ ဘုရားဒါယိကာမ ဒေါ်သင်းသင်းလဲ့၊ သားမောင်ရဲဝင်းထွဋ်+ မမေဇင်ဝင်း၊ သားမောင်သီဟဇော်၊ သမီး မမြတ်ဖူးမွန် တို့မိသားတစ်စုမှ လှူဒါန်းခဲ့ကြောင်းသိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment