ရသေ့တောင်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းဆင်းပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်





MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံ အပ်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်၌  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက သင်တန်းကာလ တစ်လြှောကျ နည်းပြဆရာမများ၏ စေတနာ ထားသင်ကြားမှုများ၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့်  သင်ယူမှုများကို အားရစွာတွေ့မြင်ရပါကြောင်းနောက်နောင်တွင်လည်း အဆင်းမြှင်းအပ်ချုပ်သင်တန်းများ ဖွင့်လှစ်ဖြစ်မည်ဆိုပါကလာရောက်သင်ယူ နိုင်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသူ မဦးမြတ်မွန်က အပ်ချုပ်ပညာရပ်အား အခမဲ့သင်ကြားခွင့် ရရှိသည့်အတွက်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ရသေ့တောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ တက်ရောက် လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများ ချုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုအားပေးခဲ့ကြသည်။ 

 အဆိုပါသင်တန်းအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီးသင်တန်းသူ အမျိုးသမီး(၂၀)ဦးတက်ရောက်ကာ အခြေခံအပ်ချုပ်နည်းပညာဘာသာရပ်များကို ရက်ပေါင်း (၂၁)ရက်ကြာ စာတွေ့ လက်တွေ့ဖြင့်စနစ်တကျ (အခမဲ့) သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

      

သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)