တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 




MNP - မေ   ၂၁


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကိုအထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်က တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူးဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်နှစ်ပေအထက်ပျိုးပင်များဖြစ်သော ကျွန်းပင်၊ စိန်ပန်းလေး၊ ပိတောက်၊ စိန်ပန်းကြီး၊ စွယ်တော်၊ မယ်ဇလီ၊ ရေတမာ၊ တမာ၊ ပန်းမယ်ဇလီ၊ မြန်မာကုက္ကို စသည့် ပျိုးပင်ပေါင်း၅၀၀ ကိုကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ကြကြောင်းသိရသည်။


သတင်း - နိုင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်ဖဖဖဖဖဖ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)