မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်


MNP ၊ မေ ၂၇

မော်လမြိုင်မြို့၌ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ် အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစား ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အားကစားအဆင့်အတန်း မြင့်မားရေးအတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုက်ကျော်ခြင်း အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့မျိုးဆက်သစ် အားကစားသမားများဖြစ်အောင် ဇွဲ၊ စိတ်ဓာတ်အပြည့်နဲ့ နည်းပြများရဲ့ သင်ကြားလေ့ကျင့်မှုကို တသွေမတိမ်း လိုက်နာပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ကောင်းမွန်တဲ့ အားကစားစိတ်ဓာတ် ကိုအခြေခံပြီး ကစားခြင်း၊ တစ်ဦးရဲ့လိုအပ်ချက်ကိုတစ်ဦးက ဖေးမကူညီကြခြင်းဖြင့် ပိုက်ကျော်ခြင်းရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင်ကစားကြရန် လိုအပ်ပါကြောင်း” တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ အားကစားစစ်ကြောင်းမှူးကဦးဆောင်၍ ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင် အသင်းများက မွန်ပြည်နယ် ဝန်ကြီးချုပ် အားအလေးပြုခြင်း၊ အားကစားသစ္စာ အဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက် ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။


မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ ၂၇ ရက်နေ့မှ  ၃၁ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ် အဖြစ် မော်လမြိုင်မြို့နယ်နှင့် ရေးမြို့နယ်အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်မြို့နယ်အသင်းက ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့  အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)