Pages

Pages

မိုးမောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 



MNP - မေ  ၂၁


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့သစ်တောဦးစီးဌာနအနေဖြင့်  သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ ဂေဟာစနစ်ပြောင်းလဲမှုလျော့ပါးသက်သာစေရန်  ရည်ရွယ်ချက်များဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကိုမေလ ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မိုးမောက်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ (ပျဉ်းကတိုး၊မဟော်ဂနီ၊ ယမနေ ၊ငါးပေါက် ) ပျိုးပင် စုစုပေါင်း အပင်ရေ (၂၀၀) ခန့်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်း၊  ကျေးရွာထင်းစိုက်ခင်း တည်ဆောက်ခြင်းများကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့်   မိုးရာသီသစ်ပင် စိုက်ပျိုးကြမည့် အသင်းအဖွဲ့နှင့်ပြည်သူများအတွက် အမြင့် (၂)ပေ နှင့်အထက် ပျိုးပင်ပေါင်း (၁၀၇၀၀)ပင်ကိုအခမဲ့ဖြန့်ဝေနိုင်ရေးအတွက် ပြုစုပျိုးထောင်ထားကြောင်းကို မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသက်ထိုက်ဦးထံမှ သိရသည်။


သတင်း - လွန်းနန်းထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment