ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်မှုကြောင့် လဲကျနေသည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ညတွင်းချင်းရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်မှုကြောင့် လဲကျနေသည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ညတွင်းချင်းရှင်းလင်း





MNP - မေ  ၁၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယမန်နေ့ည (၈) နာရီ (၄၅) မိနစ်အချိန်ခန့်က ရွာသွန်းသည့်မိုးနှင့်အတူလေပြင်းတိုက်ခတ်ကာ ညောင်ဦးမြို့နယ်၌ ညောင်ဦး-ကျောက်ပန်းတောင်းသွား နှစ်လမ်းသွားလမ်းမကြီးပေါ်တွင် သစ်ပင်ကြီးလဲကျပြီး လမ်းပေါ်ပိတ်ဆို့နေခြင်းအား ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ညတွင်းချင်းရှင်းလင်းပေးခဲ့ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ထံကသိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ညဦးပိုင်းက မိုးသည်းထန်စွာရွာသွင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သန့်စင်ကြယ်ကျေးရွာ၊ ညောင်ဦး-ကျောက်ပန်းတောင်း နှစ်လမ်းသွားလမ်းမကြီးဘေးရှိ လုံးပတ် (၅) ပေပတ်လည်ခန့်၊ အမြင့် (၄၀) ပေခန့်ရှိ ထနောင်းပင်ကြီးသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေသားခိုင်မာမှုမရှိပဲ အမြစ်ခြေမှလဲကျကာ လမ်းမကြီးပိတ်ဆို့လျက်ရှိနေသည့်အတွက် ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုယာဉ်တစ်စီး၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းထွဋ်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များသည် လမ်းပိတ်ဆို့ပြိုလဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖြတ်တောက်ပြီး ကူညီရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၉ နာရီ (၁၀) မိနစ်ခန့်တွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးလဲပြိုကျမှုဖြစ်ခဲ့ရာ လူ၊ ယာဉ်၊ တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းသိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)