မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ မိုးစပါးစိုက်တောင်သူ (၄၈၁၈)ဦးအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ မိုးစပါးစိုက်တောင်သူ (၄၈၁၈)ဦးအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး






MNP - မေ  ၂၅


လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ  မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ(၄၈၁၈)ဦးကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း(၄၉၀၀)ကျော် လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။


“ခရိုင်ဘဏ်ခွဲအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်ရှိ တောင်သူတွေကို နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ ထုတ်ချေးပေးနေပါတယ်။ တောင်သူတစ်ဦးချင်းစီရဲ့ဆန္ဒအရ ပုံစံ(၇)အာမခံတင်သွင်း တဲ့အပေါ်မှာ ထုတ်ချေးပါတယ်။ တောင်သူတစ်ဦးကို အများဆုံး(၁၀)ဧက ထုတ်ချေးပါတယ်။ အတိုးနှုန်းအနေနဲ့ ငွေ(၁၀၀)ကို (၁၂)လမှာ (၅)ကျပ်တိုးနဲ့ပဲ ထုတ်ချေးတာဖြစ်ပါတယ်။ ခရိုင်ဘဏ်ခွဲအနေဖြင့် ထုတ်ချေးဖို့ စီစဉ်ထားတာကတော့ တောင်သူ(၄၈၁၈)ဦးကို လယ်ဧကစုစုပေါင်း(၃၃၀၉၀)ဧကအတွက် ချေးငွေကျပ်သန်းပေါင်း(၄၉၀၀)ကျော်ထုတ်ချေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းဌေးဦး က ပြောသည်။


စိုက်ပျိုးစရိတ်ချေးငွေများကို မြိတ်ခရိုင်ဘဏ်ခွဲမှ တောင်သူများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက တုံးဗျောကျေးရွာရှိ တောင်သူ(၁၂၁) ဦးအား လယ်ဧက(၇၃၄)ဧကအတွက် ကျပ်သိန်း(၁၀၀၀)ကျော်ကို ကန်ခေါင်းရပ်ကွက်ရှိ အရှေ့ကျောင်း(ဘုန်းတော်ကြီးကျောင်း)၌ မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးသည့် စည်းမျဉ်းစည်းကမ်းများကို တောင်သူများအားပြောကြားပြီး ဝန်ထမ်းများနှင့်အတူ  စနစ်တကျ ထုတ်ချေးပေးခဲ့ကြသည်။ ယနေ့အထိ မြိတ်မြို့နယ်ရှိ တောင်သူ(၁၆၈)ဦးကို လယ်(၁၀၉၀) ဧကအတွက် ကျပ်သိန်း(၁၆၀၀)ကျော်ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။


မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက် တောင်သူ(၄၈၁၈)ဦးကို စပါးစိုက်ဧက(၃၃၀၉၀)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း(၄၉၀၀)ကျော် လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ချေးပေးမည့်ချေးငွေများကို တောင်သူများ စိုက်ပျိုးရေးအချိန်မီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူတစ်ဦးလျှင် လယ်တစ်ဧကတွင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေး၍ အများဆုံးလယ်(၁၀)ဧကအထိ ချေးပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်ဘဏ်ခွဲမှ တောင်သူများအား မြို့နယ်များအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)