ရသေ့တောင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊ မေ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရာဇာအေး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးဝေအောင်နှင့်အဖွဲ့ဝင်များက ဦးဆောင်ကြီးကြပ်ကာမြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅၀ ဦး ခန့်တို့က တောင်ရင်း တန်းလမ်းခွဆုံမှ ဘုရားကြီးလမ်းမ တလြှောကျ လမ်းဘေး ဝဲယပတ်ဝန်းကျင်များ၌ မြက်ပင် ၊ ပေါင်းပင် ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း ပလက်စတစ် အမှိုက်သရိုက်များ ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။ စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်သိမ်း ကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခြင်းများဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကကနှင့်အဖွဲ့တို့ကစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်လာရောက်သူများအား လက္ဖရည်နှင့်မုန့်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)