Pages

Pages

ဘူးသီးတောင်မြို့၌ မူခင်းကျဆင်းရေး အသိပညာပေးဟောပြော

 




MNP ၊  မေ  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ မူခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်း ကို  မေ ၂၂ ရက် နံနက် ၁၀ နာရီခွဲအချိန် အနောက်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍  ဆိုးကျိုးများ၊ ပြစ်မှု ၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောခြင်း ၊ ဘူးသီးတောင် မြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်မြင့်သူက မူခင်းကျဆင်းရေး ခေါင်းစဉ်ဖြင့်  အသိပညာပေးဟောပြောပေးခဲ့ကြပြီး  ရပ်ကွက် အတွင်းရှိ ပြည်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြကာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment