မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ







MNP - မေ   ၂၁


ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့သည်။


မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးစိုက်ပျိုးပွဲတော် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ  တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက   ကျွန်း၊ ပိတောက်၊ ပန်းမယ်ဇလီ၊ ရေတမာ၊ ပင်လယ်ကဗွီး၊ မာတာကွတ်၊ မယ်ဇလီ၊ခရေ၊ ဆီသပြေနှင့် မယ်ဇယ်  စသည့်ပျိုးပင်များကိုပေးအပ်ရာ သက်ဆိုင်ရာ  တိုင်းဒေသကြီး၊ ခရိုင်၊ မြိူ့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများမှ အသီးသီးလက်ခံယူခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ပိတောက်ပင်အား စိုက်ပျိုးပေးခဲ့ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၈၅၀ ဦးက သက်မှတ်နေရာများတွင် ပျိုးပင်အမျိုးအစား(၁၀)မျိုး စုစုပေါင်းပျိုးပင်(၁၀၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးကြမှု တို့အား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများအတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် (၂)ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်ပင်မျိုးပေါင်း ၁၀ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီတွင် စီပွားရေးကျွန်းစိုက်ခင်း (၁၀၀) ဧကအတွင်း ပျိုးပင်ပေါင်း (၁၂၁၀၀၀) ပင်၊ ကျေးရွာထင်းစိုက်ခင်း (၆၀) ဧကအတွင်း ပျိုးပင်ပေါင်း (၇၂၆၀၀) ပင်၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း (၁၀၅၀) ဧကအတွင်း ပျိုးပင်ပေါင်း (၇၃၅၀၀) ပင်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်စိုက်ပျိုးခြင်း (၅၅၅၀.၈၆) ဧကအတွင်း ပျိုးပင်ပေါင်း (၈၃၂၆၂၉) ပင်၊ လမ်းဘေးဝဲယာတစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ တစ်ရွာနှစ်ဧကစိုက်ပျိုးခြင်းနှင့် ပြည်သူလူထုဖြန့်ဝေ စိုက်ပျိုးခြင်းတွင် ပျိုးပင်ပေါင်း (၇၅၄၅၈၀) ပင်၊ စုစုပေါင်းပျိုးပင် (၁၈၅၄၃၀၉) ပင်အား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မုံရွာမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် ယခုလိုရာသီဥတုကောင်းမွန်မျှတစေရေး ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက်  မုံရွာမြို့နယ်သစ်တောဦးစီးဌာနရုံးရှိ နန္ဒဝန်ပျိုးဥယျာဉ်(၁)(၂)(၃)တို့တွင် တမာ၊ ယူကလစ်၊ စိန်ပန်းကြီး၊ မယ်ဇယ်၊ ငုစပ်၊ ခရေ၊ မန်ကျည်း၊ မဲဇလီပ၊ မာတာကွတ်၊ ဆီသပြေနှင့် ကျွန်း စသည့်စုစုပေါင်းပျိုးပင် (၁၅၃၉၃၅)  ပျိုးထောင်ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင် (၁၅၃၉၃၅) အနက်မှ လူထုဖြန့်အနေဖြင့် ပျိုးပင် (၆၈၇၈၀) ကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ မြေများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေးဝဲယာများတစ်အုပ်တစ်မ စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး  အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။


ထို့အပြင် မုံရွာမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် (၁/၂၀၂၂) ကျေးရွာထင်းစိုက်ခင်း(၂၀)ဧကအတွက် ယူကလစ်ပျိုးပင်နှင့်ရှားပျိုးပင် စုစုပေါင်း(၂၉၀၄၀)ပင်ကို မုံရွာမြို့နယ် ဗောဓိတစ်ထောင် အဆိုပြုသဘာဝ ကြိုးဝိုင်းအတွင်း၌ လည်းကောင်း၊ (၂/၂၀၂၂)ကျေးရွာ ထင်းစိုက်ခင်း(၂၀)ဧကအား ချောင်းဦးမြို့နယ် နွယ်ခွေကြိုပြင်ကာကွယ်တောတွင် ယူကလစ်ပျိုးပင်နှင့် ရှားပျိုးပင် စုစုပေါင်း(၂၉၀၄၀)ပင်ကိုလည်းကောင်း  စုစုပေါင်းပျိုးပင်(၅၈၀၈၀)ကို တည်ထောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အတွက်ကိုလည်း ဒေသခံများ၏ ရာသီဥတုနှင့်ကိုက်ညီသည့် ပျိုးပင်ပေါင်း ၂၇၀၇၅ ပင်ကိုလည်း ဆက်လက်ဖြန့်ဝေပေးသွာမည်ဖြစ်ကြောင်း  မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းက ပြောသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)