Pages

Pages

ရွှေပြည်သာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေမှုအား ရှင်းလင်းဆောင်ရွက်



MNP - မေ  ၂၅


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခဲ့ သောကြောင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်များပြိုလဲခြင်းများဖြစ်ပေါ်ခဲ့သော အမှတ်(၆)ရပ်ကွက်ရှိ၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း ခြံစည်းရိုးပေါ်သို့ မဟော်ဂနီပင်ပြိုလဲနေကြောင်း သိရ၍ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင် ဦးဆောင်၍ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် (၆)ဦးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလားတူ အမှတ်(၁၀)ရပ်ကွက်တွင် သစ်ပင်ပြိုလဲ၍ ဓာတ်ကြိုးများပိကာ လမ်းပိတ်နေမှုအား မြို့နယ် လျှပ်စစ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment