ပင်းတယမြို့၊ ပုန်းတလုတ်ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေး မြို့နယ် စည်ပင်သာယာမှဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့၊ ပုန်းတလုတ်ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေး မြို့နယ် စည်ပင်သာယာမှဆောင်ရွက်




MNP - မေ   ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် အေးချမ်းသာယာပြီး လှပသည့်မြို့ဖြစ်သည်နှင့်အညီပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့်မြို့ဖြစ်သည့်အတွက် မြို့တွင်းသာယာလှပရေး၊ ပုန်းတလုတ်ရေကန်ဘေးတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းအား မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပင်းတယ) မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာဝန်ထမ်းများကပင်းတယမြို့၊ မြို့ကျက်သရေဆောင် ပုန်းတလုတ်ရေကန်၊ ဘေးပတ်လမ်းများတစ်လျှောက် အမှိုက်များသိမ်းခြင်း၊ မြက်ပင်၊ ပေါင်းပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ တံမျက်စည်းလှဲခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊  လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်းနှင့် သန့်ရှင်းသပ်ရပ်သည့် မြို့အင်္ဂါရပ်နှင့်ညီစေရန် အပတ်စဉ် သက်မှတ်ရက်များအလိုက် စည်ပင်ဝန်ထမ်းများအဖွဲ့ခွဲ၍ သန့်ရှင်းရေးများ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)