မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာများ မဆင်မခြင်စားသောက်ရာမှ မိသားတစ်စု အစာအဆိပ်သင့်မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာများ မဆင်မခြင်စားသောက်ရာမှ မိသားတစ်စု အစာအဆိပ်သင့်မှုဖြစ်

 




MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တွင် မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာများကို မဆင်မခြင်စားသောက်မိရာမှ ယမန်နေ့ ည ၇ နာရီ ၂၀ အချိန်ခန့်က တစ်အိမ်ထဲနေ မိသားစုငါးဦး အစာအဆိပ်သင့်မှုဖြစ်ပွားပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သုဓမ္မဝတီမြို့သစ်ရှိ ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။


သုဓမ္မဝတီမြို့သစ် (င)ရပ်ကွက်၊ (၁၀)လမ်းနေ မိသားတစ်စုတို့မှာ မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာဖြစ်သည့် ကြက်တူရွေးမှို၊ မျှစ်၊ ဒညင်းသီး၊ ပိန္နဲသီး၊ နာနတ်သီးဝက်သားတို့ဖြင့် နေ့လည်စာ စားသောက်ခဲ့ပြီး ည ၇ နာရီ ၂၀ အချိန်ခန့်တွင် မိသားစု ၅ ဦးတို့မှာ မူးဝေအော့အန်လာကြသဖြင့် ရှင်သန်ခြင်းတွဲလက်လူမှုကူညီ‌ရေး အသင်းမှ အရေးပေါ်ယာဉ်များဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြသည်။


အဆိုပါ အစာအဆိပ်သင့်သူများကို ခရိုင်ပြည့်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)