MNP ၊ မေ ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တွင် မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာများကို မဆင်မခြင်စားသောက်မိရာမှ ယမန်နေ့ ည ၇ နာရီ ၂၀ အချိန်ခန့်က တစ်အိမ်ထဲနေ မိသားစုငါးဦး အစာအဆိပ်သင့်မှုဖြစ်ပွားပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သုဓမ္မဝတီမြို့သစ်ရှိ ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။
သုဓမ္မဝတီမြို့သစ် (င)ရပ်ကွက်၊ (၁၀)လမ်းနေ မိသားတစ်စုတို့မှာ မိုးဦးကာလ ပေါ်ဦးပေါ်ဖျား ရာသီစာဖြစ်သည့် ကြက်တူရွေးမှို၊ မျှစ်၊ ဒညင်းသီး၊ ပိန္နဲသီး၊ နာနတ်သီးဝက်သားတို့ဖြင့် နေ့လည်စာ စားသောက်ခဲ့ပြီး ည ၇ နာရီ ၂၀ အချိန်ခန့်တွင် မိသားစု ၅ ဦးတို့မှာ မူးဝေအော့အန်လာကြသဖြင့် ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေး အသင်းမှ အရေးပေါ်ယာဉ်များဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြသည်။
အဆိုပါ အစာအဆိပ်သင့်သူများကို ခရိုင်ပြည့်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment