Pages

Pages

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP - မေ   ၂၆


နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်၊ မြို့ကျေးရွာအုပ်စု ကျေးရွာများရှိ ရဟန်းသံဃာတော်များ သီလရှင်များသာသနာ့ဝန်ထမ်းများ သက်ကြီးဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ အသက်(၁၈)နှစ် အထက်ပြည်သူများ အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများ အားလုံးထိုးနှံနိုင်ရေး တစ်ဦးတစ်ယောက်မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးအနက်ထားကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများမှ အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ အသက်(၁၈)နှစ်အထက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများနှင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း၌ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူ မိဘပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးများကို ယာယီသတ်မှတ်ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရန် စုရပ်ဌာနများတွင် မြို့နယ်ပြည်သူ့ ကျန်းမာဌာနမှသူနာပြု ဆရာ/ဆရာမများ ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်း၌ ရပ်ကွက်ကျေးရွာအုပ်စု (၄၄)စု၊ ကျေးရွာပေါင်း (၂၄၃)ရွာမှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ(၁၆၃၁၄၂)ဦးရှိပြီး ယခုနှစ် ၂၀၂၂ခုနှစ် မေလအတွင်း၌ ကာကွယ်ဆေးထိုးနှံပြီးသူ (၅၂၉၂၆)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး နယ်မြေဒေသနှင့် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် လူဦးရေ (၁၁၀၂၁၆)ဦးအား ထိုးနှံပေးနိုင်မှုများမရှိသေးကြောင်း ဆက်လက်ထိုးနှံပေး နိုင်စေရေးအတွက် တာဝန်ရှိသူများမှ စီမံဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း၌အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်မှုနှင့် ထိုးနှံပြီးစီးမှုမှာ (၁၀၀.၄၀%) ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment