Pages

Pages

ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၈၃၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့

 


MNP - မေ   ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အမှတ် (၁၆)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၄)အုပ်စုအတွင်းမှ အသက် (၈၅)နှစ်အထက် အဘိုး (၃၂၉)ဦး၊ အဘွား (၅၀၅)ဦး၊ စုစုပေါင်း ဘိုးဘွား (၈၃၄)ဦးတို့အတွက် ဧပြီ၊ မေ နှင့် ဇွန်လအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၅၀၂၀၀၀၀)သိန်းအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုဘွားများ၏ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးလျက်ရှိကြသည်။


ဖျာပုံခရိုင် (၄)မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး (၁၂၁၃)ဦးနှင့် အဘွား (၁၉၇၇)ဦး၊ စုစုပေါင်း ဘိုးဘွား (၃၁၉၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၉၅၇၀၀၀၀၀) သိန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment