မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး တက်ရောက်

 


MNP - မေ  ၂၈


မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ် နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့အနေဖြင့် ရင်းနှီး မြှုပ်နှံသူသည် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရရှိပြီးသည့်နောက်ပိုင်း ခွင့်ပြုချက်တွင် ဖော်ပြထားသည့် တာဝန်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သလို စစ်ဆေးကြပ် မတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာများကို သတ်မှတ် ကာလအတွင်း မှန်မှန်ပေးပို့ခြင်း ရှိ/မရှိ စိစစ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်များ ဝင်ရောက်လာဖို့ ဖိတ်ခေါ်ရန် အရေးကြီးသကဲ့သို့ ခွင့်ပြုပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အောင်မြင်စွာဖြင့် အခက်အခဲမရှိ ဆက်လက်လုပ်ငန်းလည်ပတ်စေနိုင်ရန်၊ ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တိုင်းတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လုပ်သာကိုင် သာရှိသည့် Investment Climate ကို ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များ ကလည်း ယုံကြည်စိတ်ချစွာ ဝင်ရောက်လာ မည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များအားလုံး မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ စဉ်ဆက်မပြတ် ဝင်ရောက်လာ စေရန် ခွင့်ပြုပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ရေရှည်ဆောင်ရွက်နိုင်စေရန် ကျရာကဏ္ဍက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေး အဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။


မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)